မက်ဝေငှခြင်းနှင့်ပတ်သက်၍

 ဓမ္မစကူးလ်မိသားစုဝင်များခင်ဗျာ....

နှာခေါင်းစည်းမက်တွေကို အသင်းအဖွဲ့တွေ၊

အစုအဖွဲ့တွေက လူစည်ကားရာလမ်းတွေမှာ ဝေငှလူဒါန်းနေတာ မြင်ရတော့ ကြည်နူးဝမ်းမြောက်မိပါတယ်။ ပိုလို့ပင် ကြည်နူးဝမ်းမြောက်မိတာက ကိုယ်တိုင်ကိုယ်ကျ တပ်ဆင်ပေးနေတဲ့ ပုံလေးတွေကို မြင်ရတာပါပဲ။


သို့သော်လဲ

ကိုဗစ်ရဲ့သဘောသဘာဝကို အားလုံးအသိပဲလေ။ ထိတွေကိုင်တွယ်ရာကနေလည်း ကူစပ်နိုင်တာပဲ။

မက်ဝေငှတဲ့သူက ရောဂါမရှိသော်လည်း ရောဂါရှိသူကို နှာခေါင်းစည်းမက် ကိုယ်တိုင်ထိတွေကိုယ်တွယ်ပြီး တပ်ဆင်ပေးမယ် ပြီးတော့ ရောဂါမရှိသူကို ထိတွေ့ကိုင်တွယ်ပြီး တပ်ဆင်ပေးမယ်ဆိုရင် 

ရောဂါပိုးမကူးစေချင်လို့ စေတနာကောင်းနဲ့ မက်ဝေငှတပ်ဆင်ပေးသော်လည်း ကိုယ်တိုင်က ရောဂါပိုးဖြန့်ဝေသူဖြစ်သွားနိုင်တယ်။ 


ဒါကြောင့်မို့ ကိုယ်တိုင်မတပ်ဆင်ပေးပဲ ထိတွေ့မှုနည်းသည့် လုံခြုံစိတ်ချရတဲ့သူကသာ တစ်ဖက်သားသူကို ထိတွေ့မှုမရှိစေပဲ ဝေငှသင့်တယ်လို့မြင်မိပါတယ်။ 


ဝေငှသည့်သူများကလည်း ရောဂါပိုးကူးစပ်ခံရမှုနဲ့ ရောဂါပိုးဖြန့်ဝေသူမဖြစ်အောင် အထူးဂရုစိုက်ပြီး ခရီးသွားများကလည်း မိမိတို့အိပ်မှ မက်များတပ်ဆင်လာသင့်တယ်။ ဒါမှလုံခြုံစိတ်ချရမယ် အသင်းအဖွဲ့များ၏ အလှူငွေများကိုလည်းချွေတာရာရောက်သည်။ ပိုလျှံလာသည့်ငွေကြေးများကိုလည်း တခြားလိုအပ်တဲ့နေရမှာ အသုံးစွဲလို့ရသွားစေမည်။

အကြံပြုတာပါ....


Thet Tant Kyaw




Post a Comment

0 Comments